ဝန်ထမ်းပညာရေး

ပညာရေးဆိုင်ရာမူဝါဒ

  • လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ပိုင်နိုင်ပြီးကိုယ်ပိုင်အရည်အချင်းပြည့်ဝသောဝန်ထမ်းများအဖြစ်အလုပ်အပ်နှံသူများမှယုံကြည်စိတ်ချရသည့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်ပြုစုပျိုးထောင်ပါမည်။

ပညာရေးရည်မှန်းချက်များ

  • ・ပြဿနာများကိုဖြေရှင်းရာတွင်ထောက်ပံ့ပေးသောတိကျခိုင်မာသောအသိပညာဗဟုသုတ၊နည်းပညာနှင့်သတင်းအချက်အလက်မျှဝေခြင်းများကို တိုးတက်အောင်ဆောင်ရွက်ခြင်း။
  • ・ဖြစ်ပေါ်လာသောပြဿနာများကို အစဥ်သဖြင့်သတိပြုမိနိုင်သောအရည်အသွေးနှင့် မိမိကြုံတွေ့ရသောပြဿနာများကို တက်ကြွစွာလက်ခံပြီးဖြေရှင်းနိုင်စွမ်းတိုးတက်လာစေရန်။
  • ・ရှုံးနိမ့်မည်ကိုစိုးရိမ်ခြင်းမရှိဘဲ အမြဲတမ်းစိန်ခေါ်ချင်သည့်စိတ်ဓာတ်ကိုမြှင့်တင်ပေးခြင်း။
  • ・စီမံခန့်ခွဲနိုင်စွမ်းများမြှင့်တင်ပေးခြင်း။

လက်တွေ့အကောင်အထည်ဖော်ဆောင်မှုဆီသို့ဦးတည်ခြင်း

  • ၁။မဖြစ်မနေသင်ယူလေ့လာရမည့်ပညာရေး
  • မဖြစ်မနေသင်ယူလေ့လာရမည့်ပညာရေးတွင် ကုမ္ပဏီမှချပြသော အနည်းဆုံးလိုအပ်သည့်ဗဟုသုတနှင့်ကျွမ်းကျင်မှုများကိုလေ့လာရမည်။
  • 【ပညာရေးဆိုင်ရာအကြောင်းအရာတင်ပြချက်】
  • ・ ကျွန်ုပ်တို့သည်၀န်ထမ်းတစ်ဦးအနေဖြင့်သိသင့်သိထိုက်သော၊လိုအပ်သည့်အသိပညာနှင့် အင်ဂျင်နီယာတစ်ဦးအနေဖြင့်ရှိသင့်သည့်လိုအပ်သောစွမ်းရည်များကိုတင်ပြပါမည်။
  • 【ပညာရေးနည်းလမ်းရွေးချယ်မှု】
  • ・ ပညာရေးဆိုင်ရာဘာသာရပ်တစ်ခုစီနှင့်ကိုက်ညီမည့် ပညာရေးနည်းစနစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုစုဆောင်းပြီး အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပါသည်။
  • [အရေးပါသောပညာရေးဆိုင်ရာအချက်အလက်၏ တိုးတက်မှု]
  • ・ အရေးပါသော ပညာရေးဆိုင်ရာအချက်အလက်များကို အီးမေးလ်ဖြင့်ဖြန့်ဝေပြီး ၀န်ထမ်းများတက်ကြွစွာပါ၀င်မှုကို အားပေးပါမည်။
  • ၂။ခေတ်ရေစီးကြောင်းအရလေ့လာရမည့်ပညာရေး
  • ပညာရေးဆိုင်ရာဘာသာရပ်တစ်ခုစီနှင့်ကိုက်ညီမည့် ပညာရေးနည်းစနစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုစုဆောင်းပြီး အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပါသည်။
  • [ပညာရေးဆိုင်ရာဘာသာရပ်များ၏စာမေးပွဲနှင့်ပုံဖော်ခြင်း]
  • ・ လက်ရှိအခြေအနေကို ကြည့်ခြင်းဖြင့် ပညာရေးဆိုင်ရာဘာသာရပ်များကိုအဆက်မပြတ်ဆန်းစစ်လေ့လာပြီး၊ ပစ္စုပ္ပန်နှင့်အနာဂတ်ကို ချိတ်ဆက်ပြီး အသက်ဝင်သည့်ပညာရေးဆိုင်ရာဘာသာရပ်များကို ပုံဖော်ကြည့်ရန်။
  • 【ပညာရေးနည်းလမ်းရွေးချယ်မှု】
  • ・ ပညာရေးဆိုင်ရာဘာသာရပ်တစ်ခုစီနှင့်ကိုက်ညီမည့် ပညာရေးနည်းစနစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုစုဆောင်းပြီး အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပါသည်။
  • [ခေတ်မီသောပညာရေးအချက်အလက်ဖွံ့ဖြိုးတိုးတက်မှု]
  • ・ ပညာရေးဆိုင်ရာသတင်းအချက်အလက်များကို အီးမေးလ်ဖြင့်ဖြန့်ဝေပြီး ၀န်ထမ်းများ၏တက်ကြွစွာပါ၀င်မှုကိုအားပေးခြင်း။

မြန်မာအင်ဂျင်နီယာများအတွက်ရည်ရွယ်သောပညာရေး

လုပ်ငန်းခွင်ဆိုင်ရာအမူအကျင့်နှင့်ဆိုင်သောပညာရေး

  • 【ရုံးတွင်းသင်တန်း】
  • ・ လုပ်ငန်းခွင်တွင် လိုက်နာရမည့် အမူအကျင့်ကောင်းများကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဂျပန်နိုင်ငံ၏လုပ်ငန်းခွင် စီးပွားရေးအမူအကျင့်ကောင်းများကို လေ့လာရပါသည်။

ဂျပန်ဘာသာစကားပညာရေး

  • 【ပြင်ပသင်တန်း】
  • ・ မိမိ၏ လက်ရှိ ဂျပန်ဘာသာအဆင့်နှင့်ကိုက်ညီ သောဂျပန်စာသင်တန်းများတွင်တက်ရောက်ပြီး ဂျပန်စာအခြေခံကိုစတင်လေ့လာရပါမည်။
  • 【ရုံးတွင်းသင်တန်း】
  • ・ဂျပန်ဘာသာဖြင့်စာဖတ်ခြင်း၊ စာရေးခြင်းနှင့်စကားပြောဆိုခြင်းတို့ကို ရုံးတွင်အပတ်တိုင်းလေ့ကျင့်ပေးသည်။ လုပ်ငန်းခွင်၌အသုံးပြုနိုင်ရန် အိုင်တီနည်းပညာစကားလုံး အသုံးအနှုန်းများကို အဓိကထားပြီး လေ့ကျင့်ပေးသည်။
  • ・ အပတ်စဉ်အလုပ်နှင့်ပတ်သက်၍ပြုလုပ်သည့်အစည်းအဝေးသည် ဂျပန်ဘာသာစကားကိုလက်တွေ့လေ့ကျင့်နိုင်သည့်နေရာတစ်ခုဖြစ်သည်။
  • ・နည်းပညာဆိုင်ရာတင်ပြချက်များကို ဂျပန်ဘာသာဖြင့်တင်ပြခြင်းသည်လည်း ဂျပန်ဘာသာစကားလေ့ကျင့်ခြင်းတစ်မျိုးဖြစ်သည်။

နည်းပညာဆိုင်ရာပညာရေး

  • 【E learning】
  • ・ အမျိုးမျိုးသောနည်းပညာများကို အွန်လိုင်းတွင်လေ့လာသင်ယူမှုပြုလုပ်နိုင်သည်။
  • 【ရုံးတွင်းသင်တန်း】
  • ・ အိုင်တီနည်းပညာသာမက ဂျပန်နည်းပညာအမျိုးမျိုးကို နည်းပညာဆိုင်ရာတင်ပြမှုမှတစ်ဆင့် လေ့လာနိုင်ပါသည်။
  • 【နည်းပညာဆိုင်ရာများကိုရယူနိုင်ရန်အတွက်အထောက်အပံ့】
  • ・ နည်းပညာအသစ်များလေ့လာနိုင်ရန်အတွက် နည်းပညာဆိုင်ရာစာအုပ်များ ၀ယ်ယူပေးခြင်း၊ ပြင်ပသင်တန်းများတက်ရောက်စေခြင်းနှင့် သုတေသနပစ္စည်းများဝယ်ယူပေးခြင်းကဲ့သို့သော အထောက်အပံ့များကိုရရှိနိုင်ပါသည်။