အလုပ်သင်အစီအစဉ်

Bliss Stock အလုပ်သင်အစီအစဉ်အကြောင်း

Bliss Stock Co. , Ltd. ၏အလုပ်သင်အစီအစဉ်မှကြိုဆိုပါသည်။

တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့်အတူ အလုပ်သင်အစီအစဉ်ကိုပြုလုပ်ခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါသည်။အလုပ်သင်အစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ကျောင်းသားကျောင်းသူများအား လုပ်ငန်းခွင်အတွေ့အကြုံကို ကိုယ်တိုင်သိရှိနားလည်စေရန်ဖြစ်ပါသည်။

ဂျပန်နိုင်ငံသို့ လည်ပတ်ကာအတွေ့အကြုံယူရသည့် အင်တန်းရှစ်ပရိုဂရမ် နှင့် မြန်မာနိုင်ငံတွင်း အင်တန်းရှစ် ပရိုဂရမ် (၂) ခုကို ပြုလုပ်ခဲ့ပါသည်။ဂျပန်နိုင်ငံသို့ လည်ပတ်ကာအတွေ့အကြုံယူရသည့် အလုပ်သင်အစီအစဉ််တွင် ‌ကျောင်းသားကျောင်းသူများအား Bliss Stock မြန်မာရုံးခွဲတွင် (၃) လ နှင့် တိုကျို ဌာနချုပ်တွင် (၁) လကြာ သင်တန်းပေးပါသည်။မြန်မာအလုပ်သင်အစီအစဉ််တွင် ကျောင်းသားကျောင်းသူများအား Bliss Stock မြန်မာရုံးခွဲတွင် (၄)လကြာသင်တန်းပေးပါသည်။

မြန်မာနိုင်ငံရှိ UIT ( University of Information Technology) ကျောင်းသား ကျောင်းသူများအား ဂျပန်အိုင်တီလုပ်ငန်းအတွေ့အကြုံရရှိစေရန် အလုပ်သင်အစီအစဉ်ကို ၂၀၁၉ ခုနစ်တွင် စတင်ခဲ့ပါသည်။၂၀၁၉ ခုနစ်တွင် ကျောင်းသား၊ကျောင်းသူ (၃) ဦးအားရွေးချယ်ခဲ့ပြီး၂၀၂၀ ခုနစ်တွင် ကျောင်းသား၊ကျောင်းသူ (၈) ဦးအားရွေးချယ်ခဲ့ပါသည်။


အလုပ်သင်အစီစဉ်တွင်



အလုပ်သင်အစီအစဉ်နှင့်ပတ်သတ်၍

Business training (Beginner level)

Business training (beginner level)တွင်ကျောင်းသားများသည်အောက်ပါသင်တန်းကိုရရှိမည်။

・စီးပွားရေးဆိုင်ရာအမူအကျင့်ကောင်းများသင်တန်း။
・သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာသင်တန်း။


Businesses Training ( Intermediate level)

Businesses Training ( Intermediate level) ကို(၃)လကြာပြုလုပ်ပါသည်။သင်တန်းတွင် အလုပ်သင်ကျောင်းသားကျောင်းသူများသည် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်ပါသည်။

・ဂျပန်စာလေ့လာသင်ယူခြင်း။
・လုပ်ငန်းခွင်အကြောင်းလေ့လာသင်ယူခြင်း။
・System တစ်ခုဖန်တီးပြုလုပ်ခြင်း။
・Bliss Stock အဖွဲ့ဝင်များနှင့်အစည်းအဝေးပြုလုပ်ခြင်း။


Businesses Training ( Advanced level)

Business Training(Advanced level)အတွက်ဂျပန်အလုပ်သင်ကျောင်းသားများသည်ဂျပန်တွင်တစ်လနေထိုင်ကြရပါသည်။ဤအဆင့်တွင် Systemဖန်တီးခြင်းက ပြီးဆုံးပါသည်။ ကျောင်းသားများသည် Systemကို စမ်းသပ်စစ်ဆေးကြပြီး လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ပါသည်။မြန်မာအလုပ်သင်ကျောင်းသားများအနေဖြင့်မိမိ တာ၀န်ယူထားရသော Systemကို အသုံးပြုပြရပါသည်။

・Systemကို အသုံးပြုပြခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း။
・ဂျပန်နေထိုင်မှုဘဝနှင့်ယဉ်ကျေးမှုတို့၏အတွေ့အကြုံ။
・Final Presentation ပြုလုပ်ခြင်း။
・အလုပ်သင်များအား ကြိုဆိုပါတီနှင့် နှုတ်ဆက်ပါတီ။


Bliss Stock Co. , Ltd.သည်ကျောင်းသားများအတွက်အနာဂတ်တွင်ပိုမိုကောင်းမွန်သောအလုပ်သင်အတွေ့အကြုံရရှိစေရန် အလုပ်သင်အစီအစဉ်များကိုနှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။ Bliss Stock Co. , Ltd.အနေဖြင့်အကောင်းဆုံးလုပ်ဆောင်ပေး လျက်ရှိပါသည်။

2020အလုပ်သင်ကျောင်းသားများနှင့်တွေ့ဆုံမေးမြန်းခြင်း