အိခဲဘုခုရို ခေါက်ဆွဲ

အိခဲဘုခုရို ခေါက်ဆွဲ

2020/12/03

 

အိခဲဘုခုရို သည် Bliss stock ကုမ္ပဏီတည်ရှိရာနေရာဖြစ်ပါသည်။

အိခဲဘုခုရို သည် ရာမန်ခေါက်ဆွဲ အမျိုးအစားများစွာစားသုံးနိုင်သည့် ဒေသတစ်ခုဖြစ်ပါသည်။

ဂျပန်လူမျိုးများသည်ခေါက်ဆွဲနှင့်ပတ်သက်သော အစားအစာ များကို ကြိုက်နှစ်သက်ကြပါသည်။

ခေါက်ဆွဲအမျိုးအစား တွေဖြစ်တဲ့ အဓိကအစားအစာများကို ဖော်ပြရမည်ဆိုလျှင် အူဒွန်ခေါက်ဆွဲ၊ ဆိုဘခေါက်ဆွဲ၊ ရာမန်ခေါက်ဆွဲ စသဖြင့်ရှိသည်ဟု ဆိုရပါမည်။

 

 

 

 

ရာမန်ခေါက်ဆွဲသည် ခေါက်ဆွဲနှင့် ဟင်းရည်ကို ဟန်ချက်ညီစေရန် အရသာပေါင်းစပ်ထားခြင်းဖြစ်သည်။

အရသာမရှိသော ရာမန်ခေါက်ဆွဲ ဆိုင်များသည် သိပ်မကြာမီမှာပင် ဆိုင်ပိတ်သိမ်းပြီး ပျောက်ကွယ်သွားတက်လေ့ရှိပြီး အရသာရှိသောဆိုင်များမှာ ရာစုနှစ်ချီပြီး အချိန်ကြာမြင့်စွာ ရှိနေပါသည်။

ရာမန်ခေါက်ဆွဲတွင်လည်း အရသာအမျိုးမျိုးရှိပါသည်။

ဥပမာအားဖြင့် တွန်ခိုစွတ်(ဝက်ရိုးပြုတ်ရည်)၊ တိုရိဂရ(ကြက်ပြုတ်ရည်)၊ ပဲပုတ်ငံပြာရည်၊ ဆား၊ ဂျပန်ငံပြာရည် စသဖြင့်အရသာမျိုးစုံရှိပါသည်။

ပင်လယ်စာအမျိုးအစား၊ အရသာပြင်းတဲ့အမျိုးအစား၊ အရသာခပ်ပြတ်ပြတ်အမျိုးအစား၊ အရသာခပ်ပေါ့ပေါ့အမျိုးအစား၊ စသဖြင့်လည်းခွဲခြားနိုင်ပါသည်။

ကျွန်တော်အကြိုက်ဆုံး ရာမန်ခေါက်ဆွဲအရသာကိုပြောပါဆိုလျှင် ပဲပုတ်ငံပြာရည်အရသာ၊ ဆားအရသာ ရာမန်ခေါက်ဆွဲဖြစ်ပါတယ်။ ကျွန်တော်က ယိုကိုဟားမားမှာ အချိန်အတော်ကြာနခဲ့တဲ့အတွက် အိခဲဘုခုရိုမှာဆိုရင် ယိုကိုဟားမားရာမန်ခေါက်ဆွဲကို စားချင်စိတ်က ခဏခဏ ဖြစ်မိပါတယ်။ လူတိုင်းမှာကိုယ်ကြိုက်တတ်တဲ့အရသာတွေရှိတဲ့အတွက် ဂျပန်ကို ရောက်ခဲ့ရင်တော့ ရာမန်ခေါက်ဆွဲတွေ စားကြည့်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာကို ရှာဖွေတာကလည်း ပျော်စရာတစ်ခုဖြစ်မှာပါလို့ ကျွန်တော်ယုံကြည်ပါတယ်။

#Japan Ikebukuro BlissStock Ramen