Skill Sheet မိမိရဲ့ကျွမ်းကျင်မှုကိုပြသတဲ့ စာရွက်စာတမ်းပြင်ဆင်ခြင်း

Skill Sheet မိမိရဲ့ကျွမ်းကျင်မှုကိုပြသတဲ့ စာရွက်စာတမ်းပြင်ဆင်ခြင်း

2020/12/04

ဂျပန်နိုင်ငံတွင် အိုင်တီနည်းပညာဖြင့်အလုပ်လုပ်မည့်လိုသူများက မိမိရဲ့ကျွမ်းကျင်မှုကို ပြသတဲ့ စာရွက်စာတမ်း(Skill Sheet)၊ ဂျပန်လိုအခေါ်အရဆိုရင် 履歴書 (ရိရဲခိရှော)ကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ မြန်မာပြည်ကနေ ဂျပန်မှာရှိတဲ့ နည်းပညာကုမ္ပဏီတစ်ခုကို အလုပ်လှမ်းပြီးလျှောက်တော့မယ်ဆိုရင်လည်း များသောအားဖြင့် CVအပြင်၊ မိမိရဲ့ကျွမ်းကျင်မှုကို ပြသတဲ့ စာရွက်စာတမ်း(Skill Sheet)ကိုတောင်းလေ့ရှိပါတယ်။
ဒီဆောင်းပါးမှာတော့မြန်မာပြည်က လူငယ်လူရွယ်များ လေ့လာနိုင်ဖို့ Skill Sheet တစ်ခု ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို လေ့လာနိုင်ဖို့ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) ဘာတွေထည့်ရေးဖို့လိုအပ်သလဲ

မိမိရဲ့ကျွမ်းကျင်မှုကို ပြသတဲ့ စာရွက်စာတမ်း(Skill Sheet)မှာယေဘုယျအားဖြင့် အောက်ပါအချက်တွေ ပါဖို့လိုအပ်ပါတယ်။

・နာမည် (氏名)(ふりかな)

・ကျား/မခွဲခြားမှု(性別)

・မွေးသက္ကရာဇ် (အသက်)(生年月日)(年齢)

・စာတိုက်သေတ္တာအမှတ်(郵便番号)

・လက်ရှိနေရပ်လိပ်စာ(現住所)

・လက်ကိုင်မိုဘိုင်းဖုန်းနံပါတ်(携帯電話)

・ဖုန်းနံပါတ်(電話番号)

・အီးမေးလ်(メール)

・ပညာရေးရာဇဝင် (学歴)

・လုပ်ခဲ့ဖူးသောအလုပ်ရာဇဝင်(職歴)

・အသိမှတ်ပြုလက်မှတ်(資格)

・မိမိကိုယ်ကိုမိတ်ဆက်ခြင်း(自己PR)

・မိမိဆန္ဒရှိသောအကြောင်းအရာ(本人の希望)လစာ၊ အလုပ်အမျိုးစား၊ အလုပ်အချိန်၊ သွားလာချိန်

・ရရှိခဲ့ဖူးသောဆုများ(賞)

စသည်များကို အခြေခံအားဖြင့်ထည့်ရေးဖို့ လိုအပ်ပါတယ်။

(၂) Skill Sheet စာရွက်စာတမ်းပုံစံနမူနာ

Skill Sheet ကိုပုံစံအမျိုးမျိုးနဲ့ရေးလို့ရပေမယ့် ကိုယ်တတ်ကျွမ်းတဲ့ နည်းပညာတွေကို မျက်လုံးနဲ့တချက်ဝှေ့ကြည့်လိုက်တာနဲ့ ဘယ်လိုအိုင်တီနည်းပညာရှင်ဖြစ်သလဲဆိုတာကို သိနိုင်အောင်ရေးဖို့က အရေးကြီးပါတယ်။

(၃) ရေးသားတဲ့အခါမှာ အထူးသတိပြုရန်အချက်များ

・လိုရင်းတိုရှင်းနဲ့ နားလည်ရလွယ်အောင်ရေးသားဖို့လိုပါတယ်။ မလိုအပ်ဘဲ ဝါကျအရှည်ကြီးတွေထည့် မရေးပါနဲ့။

・နည်းပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှအသေးစိတ်ထည့်ရေးဖို့လိုပါတယ်။

・ကိုယ်မှာရှိထားတဲ့ နည်းပညာ အသိမှတ်ပြုလက်မှတ်တွေကို နောက်ဆုံးရရှိခဲ့တဲ့ အသိမှတ်ပြုလက်မှတ်ကနေ အစဉ်လိုက်ဖြည့်ပေးပါ။

・ကိုယ်လုပ်ခဲ့ဖူးတဲ့ ပရောဂျတ်တွေကိုရေးတဲ့အခါမှာလည်း နောက်ဆုံးလုပ်ခဲ့ဖူးတဲ့ ပရောဂျတ်ကိုအပေါ်ဆုံးကနေ အစဉ်လိုက် ဖြည့်ပေးတာကောင်းပါတယ်။

・စာလုံးပေါင်းသတ်ပုံအမှားတွေ မပါအောင်ဂရုစိုက်ပါ။

・ကိုယ့်ရဲ့Skill Sheetကိုဖတ်ပြီး ကိုယ့်ကိုမသေချာတဲ့သူလို့ မထင်သွားရလေအောင် ဇယားကွက်တွေရဲ့ ဘောင်အနားသတ်ကအစ ပြတ်နေတာမျိုး၊ မလှမပဖြစ်နေတာမျိုး မပါသွားအောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

・Bliss Stock ကုမ္ပဏီ မှာအိုင်တီနည်းပညာရှင်တစ်ယောက်အနေနဲ့ အလုပ်လျှောက်ချင်ရင်တော့ ကုမ္ပဏီ ရဲ့ Skill Sheet စာရွက်စာတမ်းပုံစံကိုအောက်ပါလင့်ခ်ကနေ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

経歴書_Sample

 

အားလုံးအတွက် အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။

Bliss Stock Team