အိုင်တီနည်းပညာရှင်တစ်ယောက်အနေနဲ့ အင်တာဗျူးဝင်တဲ့အခါ

အိုင်တီနည်းပညာရှင်တစ်ယောက်အနေနဲ့ အင်တာဗျူးဝင်တဲ့အခါ

2020/12/04

ဂျပန်နိုင်ငံမှာအိုင်တီပညာရှင် တစ်ယောက်အနေနဲ့ ပရောဂျတ်ထဲ၀င်ဖို့ 面談(လူတွေ့ဆွေးနွေးမေးမြန်းခြင်း)ပြုလုပ်ရလေ့ရှိပါတယ်။ ဆော့ဝဲပရောဒတ်တွေကို အဓိကအားပြုရေးသားနေတဲ့ ကုမ္ပဏီတွေအနေနဲ့ အလုပ်တစ်ခုကိုလက်ခံ ရရှိပြီးတဲ့အချိန်မှာ မိမိကုမ္ပဏီပိုင် လူဉီးရေနဲ့ မလုံလောက်တဲ့အခါ (努力会社、ビジネスパートナー)တနည်းအားဖြင့် ပါတနာကုမ္ပဏီက နည်းပညာသမားတွေကို ပူးပေါင်းထည့်သွင်းရေးသားဖို့ဖြစ်လာတဲ့အခါ မိမိကလည်း အိုင်တီပညာရှင်အဖြစ် အလုပ်လုပ်လိုတယ်ဆိုရင် အဆိုပါကုမ္ပဏီတွေမှာ လူတွေ့ဆွေးနွေးမေးမြန်းခြင်းခံရတဲ့အဆင့်က မဖြစ်မနေလုပ်ရမယ့် အဆင့်တစ်ခုဖြစ်ပါတယ်။

အဲ့ဒီလို လူတွေ့ဆွေးနွေးမေးမြန်းခြင်းခံရတဲ့အချိန်မှာ အဓိကအားဖြင့်အပိုင်းလေးပိုင်းခွဲခြားမြင်နိုင်ပါတယ်။

・ကိုယ်ဝင်ရမယ့် ပရောဂျတ်နဲ့ပတ်သက်တာတွေကို ရှင်းလင်းပြတဲ့အပိုင်း

・မိမိတက်ကျွမ်းတဲ့ နည်းပညာအချက်အလက်တွေကို ပြောပြရတဲ့အပိုင်း

・တဖက်ကုမ္ပဏီကသံသယရှိတဲ့မေးခွန်းတွေကိုပြန်လည်ဖြေကြားရတဲ့အပိုင်း

・အလုပ်ခန့်ဖိုမခန့်ဖို့ကိုယ့်ကုမ္ပဏီက စီမံရေးရာလူနဲ့ စကားပြောတဲ့အပိုင်း (ဒီအချိန်မှာတော့ နည်းပညာသမားကခဏအပြင်ထွက်ပေးနေရတာရှိတတ်ပါတယ်)

ကိုယ်ဝင်ရမယ့် ပရောဂျတ်နဲ့ပတ်သက်တာတွေကို ရှင်းလင်းပြတဲ့အပိုင်း

ကာစတန်မာဘက်ကနေ ပရောဂျတ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြသတာတွေကို လက်ခံရယူတဲ့အခါမှာ

အရေးကြီးတဲ့အချက်အလက်ကို မှတ်စုလိုက်မှတ်ဖို့မှတ်စုစာအုပ်ကို စားပွဲပေါ်မှာ အဆင့်သင့်တင်ထားပါ။ ရှင်းလင်းပြောပြနေချိန်မှာ လည်း တဖက်လူရဲ့မျက်လုံးကိုကြည့်ခြင်း အားဖြင့်လေးစားစွာ နားထောင်နေကြောင်းပြသပါ။ ကိုယ့်ကိုမေးလာခဲ့ရင်တုံ့ပြန်ပြောဆိုနိုင်အောင်အဆင်သင့်ပြုလုပ်ထားပါ။

မိမိတက်ကျွမ်းတဲ့ နည်းပညာအချက်အလက်တွေကို ပြောပြရတဲ့အပိုင်း

ဒီအချိန်မှာတော့ မိမိရဲ့ကျွမ်းကျင်မှုကို ပြသတဲ့ စာရွက်စာတမ်း(Skill Sheet)ကို အခြေခံပြီး ပြောပြရမှာဖြစ်ပါတယ်။ အဲ့ဒီလိုပြောတဲ့ အခါမှာလည်း စိတ်လှုပ်ရှားမှုတွေမဖြစ်ဘဲ၊ မိမိရဲ့ကျွမ်းကျင်မှုကို ပြသတဲ့ စာရွက်စာတမ်းထဲကမှ ဘယ်အချက်ကတော့ ယခုရေးမယ့် ပရောဂျတ်အတွက်အထောက်အကူကောင်းတွေဖြစ်နိုင်တယ်ဆိုတာကို နွယ်ပြီး ပြောပြတက်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုပြောနိုင်ဖို့ဆိုရင် လူတွေ့ဆွေးနွေးမေးမြန်းခြင်းမစတင်ကတည်းက ကိုယ်ပါ၀င်ရမယ့်ပရောဂျတ်နဲ့ပတ်သက်ပြီး နည်းပညာဗဟုသုတရှိထားရင် ပိုကောင်းပါတယ်။ Shell တို့ Batch တို့ကိုရေးရတဲ့အပိုင်းကများနေရင် ကိုယ်က Shell တွေလည်းရေးနိုင်တယ်ဆိုတာကို ထည့်ပြောဖြစ်ဖို့လိုအပ်ပါတယ်။ စပြီးပြောတော့မယ်ဆိုရင် မိမိနာမည်ကဘယ်လိုခေါ်ပါတယ်။ ယခုကစပြီး ကိုယ်တက်ကျွမ်းတာ တွေကိုစပြောပါတော့မယ်လို့မိတ်ဆက်ပြီး၊ အားလုံးပြောပြီးသွားရင်တော့ ဒီလောက်နဲ့အဆုံးသတ်ပါမယ်လို့ ပြောရပါမယ်။

ဉပမာ

ミャミャと申します。よろしくお願いします。では経歴の説明をさせて頂きます。

ရှင်းလင်းပြောကြားမှုက ဒီနေရာမှာပြီးဆုံးပါပြီ။ လို့အစအဆုံးလေးထည့်ပြောပေးရင်ပိုကောင်းပါတယ်။

တဖက်ကုမ္ပဏီက သံသယရှိတဲ့မေးခွန်းတွေကိုပြန်လည်ဖြေကြားရတဲ့အပိုင်း

ကိုယ့်ရဲ့တက်ကျွမ်းတဲ့ အကြောင်းတွေကို ပြောပြပြီးတဲ့အခါမှာတော့ ကိုယ်ပြောလိုက်တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး တဖက်ကုမ္ပဏီက သံသယရှိတဲ့မေးခွန်းတွေကို မေးလေ့ရှိပါတယ်။ မေးခွန်းမေးခံရရင် ပထမဉီးဆုံး (はい)ဟုတ်ကဲ့ (いいえ)မဟုတ်ပါဘူး ဆိုတဲ့အဖြေကနေပြတ်ပြတ်သားသား စပြီးဖြေကြားပေးပါ။ ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေ အမေးခံရရင် ကိုယ်လုပ်နိုင်တဲ့အပိုင်းကနေ စပြီးရှင်းရှင်းလင်းလင်းဖြေကြားပေးပါ။ မေးလိုက်တဲ့မေးခွန်းနဲ့ပတ်သက်ပြီး မရှင်းဘူးလို့ထင်ရင် အတည်ပြုတဲ့မေးခွန်းမေးပြီးမှ အဖြေကိုဖြေပေးတာကောင်းပါတယ်။ အနှုတ်သဘောဆောင်တဲ့ အဖြေတွေ မပါသွားစေဖို့ သတိပြုသင့်ပါတယ်။ နည်းပညာတစ်ခုကို ကိုယ်ကမလုပ်နိုင်ဖူးဆိုရင်တောင် ဖြေသင့်တဲ့အဖြေက အတွေ့အကြုံမရှိပေမယ့် အရင်ကဝါသနာပါတော့ နည်းနည်းလေ့လာဖူးထားတယ်။ ဒါကြောင့်သေချာပေါက်လုပ်နိုင်မယ် လို့ထင်ပါတယ်လို့ ပြောသင့်ပါတယ်။

တဖက်ကုမ္ပဏီက ကိုယ့်ဆီက ဘာမေးခွန်းတွေများရှိမလဲလို့ မေးချင်တာမေးပါဆိုတာမျိုးလည်း ပြောလေ့ပြောထရှိပါတယ်။ ဒီအချိန်မှာ စိတ်လှုပ်ရှားနေလို့ ဘာပြန်မေးရမလဲမသိရင် အောက်ပါမေးခွန်းမျိုးတွေမေးနိုင်ပါတယ်။

・အချိန်ပိုဆင်းရတာ ဘယ်လောက်အထိရှိလဲ။

・ဘယ်နည်းပညာမှာတော့ အတွေ့အကြုံမရှိပေမယ့် အဆင်ပြေပါသလား။

・အဲ့ဒီ အလုပ်ကဘယ်အချိန်မှာ အပြီးသတ်စေချင်တာလဲ။

・မသိနားမလည်တဲ့အချိန်မှာ မေးစရာလူရှိလား။

・နေမကောင်းရင်ရောခွင့်ယူခွင့်ရှိလား။

စတဲ့မေးခွန်းတွေမေးလို့ရပါတယ်။ လူတွေ့ဆွေးနွေးမေးမြန်းခြင်းပြီးဆုံးလို့ ပြန်တော့မယ်ဆိုရင် (本日はありがとうございました。失礼します。) (ဟွန်းဂျိစုဝ အရိဂတ်သိုးဂိုဇအိမတ်ရှိတ၊ ရှိစွတ်ရဲအိရှိမတ်စ်) ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေရာမှာဘဲခွင့်ပြုပါဉီးလို့နှုတ်ဆက်ပြီးမှ ပြန်သင့်ပါတယ်။ ဒီနေရာမှာ ကာစတန်မာဘက်က ဓါတ်လှေကားအထိလိုက်ပို့ပေးတယ်ဆိုရင်တော့ ဓါတ်လှေကားရဲ့တခါးက မပိတ်ခင်ဉီးညွှတ်ထားပြီး နှုတ်ဆက်နေသင့်ပါတယ်။

အလုပ်ခန့်ဖိုမခန့်ဖို့ကိုယ့်ကုမ္ပဏီက စီမံရေးရာလူနဲ့ စကားပြောတဲ့အပိုင်း

ကိုယ့်ကုမ္ပဏီက စီမံရေးရာကလူကလည်း အောက်ပါအချက်အလက်တွေကိုမပျက်မကွက် အတည်ပြုမေးသင့်ပါတယ်။

・အခုအင်တာဗျူးလိုက်တဲ့လူကိုဘယ်လိုခံစားရလဲဆိုတဲ့ခံစားချက်မေးမြန်းခြင်း (感触を聞く)

・ဘယ်လောက်နဲ့ စာချုပ်ချုပ်မှာလဲကိုမေးမြန်းခြင်း(単価を聞く)

・အင်တာဗျူးအဖြေကဘယ်တော့ထွက်မှာလဲ (結果がいつ出るかを聞く)

・နှစ်ကြိမ်မြောက်အင်တာဗျူးရှိသေးလားမေးမြန်းခြင်း(二次面談や顔合わせがあるかを聞く)

・လူဘယ်နှစ်ယောက်လောက်ခန့်ဖို့ရှိလဲမေးမြန်းခြင်း(何人応募かできるのかを聞く)

အဲ့ဒီလိုမေးလိုက်လို့တဖက်ကုမ္ပဏီက ဖြေဖို့တွန့်ဆုတ်တွန့်ဆုတ်လုပ်နေပုံယူဆရရင် အဖြေကိုစောင့်ပါမယ်၊ ဒီဘက်ကလည်း ကာယကံရှင်ရဲ့ဆန္ဒကိုမေးမြန်းပြီးဆက်သွယ်ပါ့မယ်လို့ 回答お待ちしております。 こちらも本人の意思確認をしてご連絡いたします。(ခအိတိုးအိုမချိရှိတဲ အိုရိမတ်စ်၊ ခိုချိရမို ဟွန်းနင်းနော့ အိရှိခခုနင်းဝိုရှိတဲ ဂေါ်ရမ်းရခုအိတရှိမတ်စ် ) လို့ယခုလို ယဉ်ယဉ်ကျေးကျေးပြောကြားနိုင်ပါတယ်။

လူတွေ့ဆွေးနွေးမေးမြန်းခြင်းကိုပြုလုပ်တဲ့ အိုင်တီနည်းပညာသမားတွေအနေနဲ့ အောင်အောင်မအောင်အောင် ကိစ္စမရှိဘူးဆိုပြီး သဘောထားပြီးမဖြေဘဲ၊ ဖြေမယ်ဆိုကတည်းက အောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုက်ပြီး အထက်ပါအချက်အလက်တွေကို သတိပြုပြီး ဖြေကြားရင် လူတွေ့ဆွေးနွေးမေးမြန်းခြင်းအဆင့်ကိုဖြတ်ကျော်နိုင်မယ်လို့ ထင်မြင်မိပါတယ်။

အားလုံးအတွက် အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။

Bliss Stock Team