Spring Revolution Restaurant

Spring Revolution Restaurant

2021/07/29

Spring Revolution Restaurant သည် ဂျပန်မှာရှိသည့် မြန်မာစားသောက်ဆိုင် ဖြစ်ပါသည်။ Ikebukuro ဘူတာရဲ့ အနောက်ထွက်ပေါက်နားမှာ ရှိပါသည်။ ဆိုင်မှာ ဆိုရင် မြန်မာအစားအစာ ဘူဖေး ကိုစားသုံးနိုင်ပါသည်။ ဘူဖေးဖြစ်သည့်အတွက် အမျိုးမျိုးသော မြန်မာ အစားအစာများကို တနေရာတည်မှာ တချိန်ထဲမှာဘဲ မှာယူစားသုံးနိုင်ပါသည်။
ထိုအပြင် ဘူဖေးဖြစ်ပြီးဟင်းလျားများမျိုးစုံ စားသွားနိုင်သော်လည်း ဟင်းလျားများက တနေ့နဲ့တနေ့ မတူညီသောကြောင့် နေ့တိုင်း တနေ့နဲ့ ‌တနေ့ ဘာဟင်းများ ရှိမလဲ ဆိုပြီး စိတ်၀င်စားဖို့ကောင်းပါသည်။ ‌‌နေ့တိုင်း ဒီနေ့တော့ ဘူ‌ဖေးထဲမှာ ဘာအစားအစာများပါ၀င်မည်ကို Spring Revolution Restaurant Facebook မှာ မနက်တိုင်း Post တင်ပေးထားသည့်အတွက် သွား‌ရောက်မစားသုံးခင် ဘာဟင်းများပါရှိမည်ကို ၀င်ရောက်ကြည့်နိုင်သည့်အတွက် စားသုံးသူကို ပိုမိုဆွဲဆောင်နိုင်စေပါသည်။
တနေရာထဲမှာ တချိန်ထဲမှာ မြန်မာအစားအစာမျိုးစုံကို စားသုံးနိုင်ပါသည့်အပြင် စျေးနှုန်းမှာလဲ တစ်ယောက်ကို မည်သူမဆို ဂျပန်ယန်း ၁၀၀၀သာဖြစ်ပါသည်။အရသာမှာလဲ ဟင်းတိုင်းမှာ ကောင်းမွန်နေသောကြောင့် ပိုက်ဆံပေးပြီး စားသုံးရကျိုးနပ်သည်ဟုစားသုံးသူဘက်မှထင်မြင်မိပါသည်။တနေ့နဲ့ ‌တနေ့ ဟင်းများမတူသောလည်း သွားရောက်စားသုံးခဲ့သောဟင်းတချို့ကိုဖော်ပြပါမည်။
၀က်သားနဲ့ မျှစ်ချဉ်ဟင်းဖြစ်ပါသည်။၀က်သားလဲကြိုက် မျှစ်ချဉ်လဲ ကြိုက်တဲ့သူတွေအတွက် အရမ်းကို ကြိုက်နှစ်သက်မည့် ဟင်းဖြစ်ပါသည်။ကျွန်ုပ် အတွက်တော့ အရမ်းကြိုက်နှစ်သက်ခဲ့ရသည့် ဟင်းတပွဲဖြစ်ခဲ့ပါသည်။
မုန့်ဟင်းခါးကတော့ မြန်မာအစားအစာဖြစ်သည့် အတွက် လူတိုင်းကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပါသည်။မုန့်ဟင်းခါးဟင်းရည်အရသာကတော့ကျွန်ုပ်အတွက်တော့အရမ်းကိုကြိုက်နှစ်သက်ခဲ့ရပါသည်။
သီးစုံပဲကုလားဟင်းကအသီးအနှံမျိုးစုံကို‌‌ရောထည့်ပြီးချက်ထားသောအရည်သောက်ဟင်းရည်ဖြစ်ပါသည်။အသီးအနှံမျိုးစုံပါ၀င်သည့်အတွက်အရသာမျိုးစုံရရှိသည့်အပြင် အာဟာမျိုးစုံကိုလဲကျန်မာ‌ရေးနဲ့အညီရရှိမည်ဖြစ်ပါသည်။